Saturday, 30 August 2014

ကလောင်သစ်များသို့ပေးစာ

ကလောင်သစ်များသို့ပေးစာ

စာရေးတော့မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်ချိန်တွင် အခက်အခဲတွေ ဆက်တိုက်တွေ့ရပါတော့သည်။
မျှော်လင့်ထားပြီး ဖြစ်သောကြောင့် သိပ်မစိုးရိမ်ခဲ့။ ထိုအခက်အခဲတွေကို ပြောပြချင်သည်။ စာစရေး
မည့် သူတိုင်း တွေ့ရမည့် အခက်အခဲဖြစ်ပေသည်။

စာစရေးမည်ဆိုလျှင် သင် စာရွက် (သို့) စာအုပ်ကို အသုံးပြု ရေးမည်လား။ ကွန်ပျူတာရှိသူဆိုလျှင်
Computer ဖြင့်ရေးမည်လား။ ကျွန်တော် စာစရေးသောကာလတွင် ကွန်ပျူတာမ၀ယ်နိုင်သောကြောင့်
စာအုပ်ထဲတွင် ရေးခဲ့ရသည်။ ထိုစာအုပ်များကို ယခုပြန်ရှာမရဖြစ်ခဲ့သောကြောင့် အလွန်ပင် နှမျော မိတော့
သည်။ ကျောင်းသားဘ၀ကို အခြေခံပြီး ရေးထားသောကြောင့် ယခုပြန်တွေးလျှင် ငယ်သွားသည်ဟုပင်ထင်
ရသည်။ အလွန်အနှစ်သာရရှိသောဘ၀သည် ကျောင်းသားဘ၀ပင် ။

ထို့ကြောင့် စာစရေးမည့်သူ အနေဖြင့် စာရွက် (သို့) စာအုပ်ဖြင့်ရေးမည် ဆုံးဖြတ်ထားလျှင် သေချာမပျောက်
ပျက်အောင် ထိန်းသိမ်းထားရန် အကြံပေးချင်သည်။ ယခုနည်းပညာ တိုးတက်နေသောခေတ်တွင် လူတိုင်း
ဖုန်းတွေ ကွန်ပျူတာတွေ လွန်စွာအသုံးများလာကြသည်။ ယခုခေတ်လူငယ်များ ကံကောင်းကြသည်။ တိုး
တက်အောင်မြင်အောင် လုပ်ဖို့ လွယ်ကူသလို ပျက်စီးရန်လည်း လွန်စွာ လွယ်ကူသော
နည်းပညာခေတ်ဖြစ်သည်။

စာဖတ် များလာတာနှင့်အမျှ လူတိုင်း အနည်းနှင့်အများ စာရေးချင်စိတ်ပေါက်လာတတ်ကြသည်ဟု ကျွန်ုပ်ပြောလျှင် သင်ငြင်းမည်လော။ ခေါင်းထဲတွင်ငယ်ငယ်က အကြောင်းတွေပေါ်လာသည်။ ပျော်ရွှင်စရာ၊ ကြည်နူးစရာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသော စွန့်စားမှုတွေ ကိုယ်တွေမှာလဲရှိသည်ဆိုတာ သတိပြုမိလာသည်။ စာဖတ်နေရင်း စာကောက်ရေးချင်စိတ် ပေါ်လာတတ်သည်။

ကျွန်ုပ်ကိုယ်တွေ့ဖြစ်သောကြောင့်ပင်။ တစ်ကြိမ်၊ နှစ်ကြိမ် မက။ တွေ့ရာစာအုပ်ထဲ ကောက်ရေးမိသည်။
ကိုယ်ရေးသောစာများမှာ အာသီသ ပြေရုံရေးခဲ့သည်ဟု ထင်ခဲ့မိသည်။ သင်ငယ်ငယ်ကရေးခဲ့ဖူးသော အမှတ်တရ မှတ်စုများရှိလျှင် ပြန်ဖတ်ကြည့်စေချင်သည်။ နံမည်ကြီးစာရေးဆရာများ၏ ၀တ္ထု ထက်ပင် ဖတ်ကောင်းနေလိမ့်မည် ။ ညွှန်းပြီးပြောခြင်းမဟုတ်ပေ။

ပြန်ဖတ်လိုက်ရချိန်တွင် မိမိဘ၀၏ လွမ်းမောစရာတွေ ပြန်ပြောင်းသတိရမိသည်။ တစ်ချိန်က အမှားလုပ်ခဲ့မိတာလေးများပါလျှင် ရယ်စရာပင်ဖြစ်နေသေးသည်။ ထိုအရာများသည်
စာရေးဆရာလောင်းလေးများအတွက် တန်ဖိုးမဖြတ်နိုင်သော ကုန်ကြမ်းများပင်ဖြစ်၏။

(ဆက်ရန်)
ဟန်ဇွန် (ထီလာ)

Sunday, 24 August 2014

How to unblock Facebook in blocked friends Myanmar





Facebook ပေါ်တွင် Block ခဲ့သော သူငယ်ချင်းမိတ်ဆွေ များအား Block ဖြေနည်းကို ကျွန်တော် VDO ဖိုင်ဖြင့် ရှင်းပြပေးထားခြင်း ဖြစ်ပါသည်။ ခုလိုလာရောက် လည်ပတ်လေ့လာသည့်အတွက် ကျေးဇူးအထူးတင်ပါသည်။

ဟန်ဇွန် (ထီလာ)

How to Print on PhotoPRINT DX special Edition (မြန်မာ)



မည်သည့်နိုင်ငံအတွက်ဖြစ်စေ သက်တောင့်သက်သာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်  Photo Printing Operator အလုပ်ကို စိတ်ဝင်စားသူများအတွက်ပါ။ ဆက်လက် တင်ပေးသွားပါမည်။
ခုလိုလာရောက် လည်ပတ်လေ့လာသည့်အတွက် ကျေးဇူးအထူးတင်ပါသည်။

ဟန်ဇွန် (ထီလာ)

How to change password on facebook myanmar





Facebook ပေါ်မှာ Password ဘယ်လိုချိန်းရမလဲ ဆိုတာ VDO ဖိုင်နဲ့ ရှင်းပြပေးထားခြင်းဖြစ်ပါတယ်။

ကျွန်တော့်ရဲ့  ဆိုဒ် Link တွေ တော်တော်များများ Adf.ly ကြော်ငြာတွေကြောင့် အသုံးပြုရ အဆင်မပြေဖြစ်နေတာ၊ လေးနေတာတွေကို တောင်းပန်ပါရစေ။ ကျွန်တော့်ရဲ့  နည်းပညာအားနည်းချက်သာ ဖြစ်ပါတယ်။ ဒါတွေကို သေချာပြန်ပြင်ဖို့ ကြိုးစားနေပါတယ်၊ ခုလိုလာရောက် လည်ပတ်တဲ့ အတွက် Thank u so much ပါ ။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ ....:)

ဟန်ဇွန် (ထီလာ)

Saturday, 31 August 2013

ကင်မရာအသုံးပြုသူများအတွက်

ဲစာအုပ်တွေ ဖတ်နေတဲ့ အချိန် စာဖတ်သူလက်ထဲမှာ ကင်မရာ တစ်လုံးရှိရင်တော့ အတိုင်းထက် အလွန် သိပ်ကောင်းဗျ။ ဒီလို မရှိလို့လည်း စိတ်အားမငယ်သွားပါနဲ့။ စာဖတ်ပြီး တက်မြောက်သွားတဲ့ လူတွေလည်း လောကမှာ မနည်းပါဘူး။ ဒါကြောင့် ဒီ ကင်မရာ Ebooks Collection (Myanmar) ကိုတော့ ဆောင်ပြီး ဖတ်ပါ။ ဗဟုသုတ အဖြစ် သိသင့်သလောက် ဖတ်ထားဖို့ တိုက်တွန်းလိုပါတယ်။

စာတွေ့ မှလက်တွေ့ သို့ .pdf- by geek.thantzinhtay@gmail.com
5581k View Download
ဒီဂျစ်တယ်ကင်မရာဖြင့်လုပ်ငန်းစကြစို့.pdf- by geek.thantzinhtay@gmail.com 
3156k View Download
ဒီဂျစ်တယ်ပုံရိပ်များသိုလှောင်မှု.pdf - by geek.thantzinhtay@gmail.com 
3979k View Download
ဒီဂျစ်တယ်ပုံဖေါ်ခြင်းအတတ်ပညာ.pdf -  by geek.thantzinhtay@gmail.com
2460k
View Download
နိဒါန်း ။ နိဂုံး.pdf -  by geek.thantzinhtay@gmail.com 
5078k View Download
ပုံရိပ်ဖမ်းယူခြင်းအဆင့်.pdf -by geek.thantzinhtay@gmail.com 
7118k View Download
ပုံ၇ိပ်ကျွမ်းကျင်စွာကိုင်တွယ်ဖန်တီးခြင်း.pdf - by geek.thantzinhtay@gmail.com
4163k
View Download
သမားရိုးကျဓါတ်ပုံပညာနှင့်ဒီဂျစ်တယ်ဓါတ်ပုံပညာနှိုင်းယှဉ်ချက်.pdf -  by geek.thantzinhtay@gmail.com
1748k
View Download
သမိုင်း၏ရူထောင့်အမြင်.pdf -by geek.thantzinhtay@gmail.com
2825k
View Download
အဆင့်မြင့်ဒီဂျစ်တယ် ဓါတ်ပုံပညာ အထွေထွေအချက်အလက်များ.pdf -by geek.thantzinhtay@gmail.com
14493k
View Download
ဦးချစ်ဝိန် အင်တာဗျူး.pdf -  by geek.thantzinhtay@gmail.com
1477k
View Download        
 

ဘဝအတွက် ကြိုးစားနေချိန် ရှောင်ရှားဖွယ်ရာများ


မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့

လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။



မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။



အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။



အချစ်ဆိပ် မတက်နဲ့


ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။  ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံးနဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ Love ဆိုတာကြီးက The Whole Life မဟုတ်ပါဘူး။ Just a part of life ပါလေ။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းမဆက်၊ မအိပ်ဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ၊ သဲသဲကို သတိရလို့ပါဆိုပြီး ဖုန်းတွေဆက်ကြ နဲ့ အိပ်ရေး ပျက်အောင် လုပ်တဲ့ အခန်းဖော်ကြောင့် တိုက်ခန်း စပ်မငှားတော့တာ ကြာပါပြီ။ ဒီတော့ ချစ်တော့ ချစ်ပါ။ Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာပေါ့။ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့  လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။



အပျော်မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။

အောင်ခမ်း (TSJ team)

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး


လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ 

ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ 

သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါလို့

 တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို 

ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။

 ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို 

သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် 

လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်

တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်)မြို့သားပညာတတ် 

လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ 

မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ 

မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်

တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး 

သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ 

အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ

 ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ 

လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ 

အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ

 ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ 

သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ 

ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ 

မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ 

လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ 

ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ 

လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး

 တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် 

အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း 

ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့အရာနှစ်မျိုးဟာ 

လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ 

လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို 

ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ 

လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ 

အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ 

ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့်

 ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ 

စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ 

ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် 

တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် 

မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ 

လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။

 လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ 

လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။မရမချင်း 

ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ 

ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် 

ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ 

ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး 

ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို 

အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က 

ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အား

ကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ 

ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ 

ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ 

အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို 

မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို 

သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် 

ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို 

အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် 

ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း 

မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့်မျက်စိ နှစ်ဖက်စလုံး 

မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ 

အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ

 နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် 

စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ 

လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ 

ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး 

ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ 

အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ 

ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား 

တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် 

အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ 

အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

Wednesday, 21 August 2013

သင်နံပါတ်ဘယ်လောက်လဲ?


၁။ ဂဏန်းသမားများ မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု

 ခေါ်သည်။ ၁ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် 

မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက 

လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုး အတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် 

အလေးအနက်ထား၍ ဘ၀အဖေါ်ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ 

အထင်လွဲခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ်ယုံစားမိ၍ 

စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့်ဆုံဆည်းကိန်းမရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။

၂ ဂဏန်းသမားများ



မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်မွေးသူများကို ၂ ဂဏန်းပိုင်ရှင်များကအချစ် မေတ္တာဟူသည်

 နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘ၀အဖေါ်ကို

 ရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။ မိမိအပေါ် 

နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့်

 ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊ လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂

 နှစ်ကြား မေတ္တာ ကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာ 

ပိုင်ဆိုင်ခွင့်ရှိမည်။

၃ ဂဏန်းသမားများ


မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၃ ဂဏန်းသမား များဟုခေါ်သည်။ မျက်နှာပွင့်၍ 

လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ

 ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့ သမျှကို နားလည် ခွင့်လွှတ်သောသူ၊ အနိုင်ယူ 

ရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို

 ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို 

အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။

 နှလုံးသားအပေါ် ဦးစားပေး လွန်းသူဖြစ်သည်။

၎ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများ ဟုခေါ်သည်။ 

အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ 

ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ 

ဘ၀မြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော 

အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား 

အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ 

မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။

၅ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။ တွေဝေ 

ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ 

ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက် 

အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက

 နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ 

ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ်

 ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ် ဆန်သော နှလုံးသားဖြစ်သည်။


၆ ဂဏန်း သမားများ

မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ 

ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင်

 ဖြည့်ဆည်းပေးရမည်ဟူသော 

အယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအ၀ိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့် 

ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည်

 ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ

 ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို

 နှစ်သက်သူဖြစ်သည်။

၇ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ 

ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ 

တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် 

တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ်

 သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ 

အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ 

ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။


၈ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် 

ထိန်းချုပ်နိုင်သောစိတ်ရှိသလော က် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ 

ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံ စေလိုသဖြင့်

 ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်း မျိုးပင် ခံရတတ်သည်။ သီးသန့်

 အေးချမ်းစွာနေတတ်ပြီး မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ 

မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို 

စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။

၉ ဂဏန်းသမားများ


မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။ 


အလွန်အချစ်ခံလိုသည်။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေး 

ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန်မျက်နှာများ၍ ရည်းစား 

မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ 

အရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်း

 မြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန် သည်ဟု ထင်ရလင့်ကစား 

အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည်။ (Copy)

Credit to Original Uploader

လူတစ်ယောက်ကို တကယ်ချစ်မိလျှင် ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်





(၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို
အရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊

(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် )

(၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့
မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊

(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲ
ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ
တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊

(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊

(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊

(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့
အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်
သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊

(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း
တွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊

(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာ
ကိုပဲ မြင်ချင်တယ် ၊၊

(၁၀) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့
အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ်
သွားတယ် ၊ ကြာကြာစိတ်မဆိုးနိုင်ဘူး ၊။

(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့
ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ် ၊၊

(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့
ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် ၊၊

(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊

* အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိ
သွားပြီ *

အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ(FOR GIRL)


အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာက တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ် တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြ ပါတယ်။ သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့ လိုပါတယ်။

ရင်သား အဖုအကျိတ်

မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ ဖြစ်တဲ့အခါ နာကျင်ပြီး အဖုအကျိတ်လေးကို လက်နဲ့ စမ်းကြည့်ရင် ဟိုဘက်ဒီဘက် ပြေးနေတတ်ပါတယ်။ နာကျင်မှုက ရာသီလာခါနီး အချိန်တွေမှာ နာတတ်ပြီး တချို့လည်း ရာသီလာပြီး နောက်ပိုင်းမှာလည်း နာကျင်တာကို ဆက်လက် ခံစားရနိုင်လို့ အရီဇီုးနားသိပ္ပံပညာရပ် စင်တာမှ ပါမောက္ခ လီရိုနာဒွန်းနေက ပြောပါတယ်။

ရင်သားကင်ဆာ ဖြစ်မှာ မစိုးရိမ်ပါနှင့်

ဒီအသက်အရွယ်မှာ အမျိုးသမီး အများစုက အိမ်ထောင်တစ်ခုရဲ့ မိခင်ကောင်းတွေ အဖြစ် သားသမီးတွေကို နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အသက်ငယ်ငယ်နဲ့ နို့ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အမျိုးသမီးတချို့က ကလေးကို နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားတွေ လျော့ရိလျော့ရဲ ဖြစ်ပြီး တွဲကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျွေးတာက ရင်သားတစ်သျူးတွေ လျော့ရဲမသွားစေပါဘူး။ နို့ချိုတိုက်ကျွေးချိန်မှာတော့ ရင်သားတွေ ကြီးလာတာကြောင့် အရေပြားပေါ်မှာ အကြောပြတ်ရာမျိုးတွေ ထင်နိုင်ပေမယ့် ကလေး နို့ဖြတ်လိုက်တဲ့အခါ ပုံမှန် အနေအထားကို ပြန်ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် အစားထိုးခွဲစိတ်ကု ဆရာဝန်ညီလာခံမှာ နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားလျော့ရဲမှု မရှိနိုင်ပါ။ ရင်သားကို ကောင်းကောင်း ထောက်ပံ့မပေးနိုင်တဲ့ ပွပွချောင်ချောင် ဘရာစီရာ ၀တ်တာ၊ ကလေးများများ ယူတာ၊ ဆေးလိပ် သောက်သုံးတာ၊ အသက်ကြီးတာတွေကသာ ရင်သား လျော့ရဲပြီး တွဲကျစေတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ရင်သားမှာ နို့ရည်ထုတ်ဂလင်းတွေ နည်းပြီး အဆီတွေ များလာကာ တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။

ရင်သား လျော့ရဲမှုမှ ကာကွယ်ရန်

ရင်သားမှာ ကြွက်သားတွေ မရှိတာကြောင့် တင်းရင်းဖို့ လေ့ကျင့်ခန်း လုပ်တာက ထိရောက်မှု မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ တခိျု့ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ရာမှာ အမျိုးသမီး အားကစားသမားတွေ ၀တ်ဆင်တဲ့ ဘရာစီရာမျိုးကို ၀တ်ဆင်ပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ပြေးလွှားခုန်ပေါက် လုပ်ရတဲ့ လေ့ကျင့်နည်းတွေက ရင်သားမှာရှိတဲ့ အရွတ်တွေကို ဆွဲဆန့်သလို ဖြစ်ပြီး ရင်သားတင်းရင်းမှုကို လျော့နည်းစေတာ ကြောင့်ပါ။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ

အသက် ၃၀ ကနေ ၃၉ နှစ် အတွင်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အမျိုးသမီး ၂၂၉ ယောက်မှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ မိဘမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိရင်တောင် အသက်၃၀ မှာ ရင်သားဓာတ်မှန် ရိုက်ဖို့ မလိုသေးပါဘူး။ အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားမှာ တစ်သျှူးတွေနဲ့ တင်းတင်းရင်းရင်း ရှိတာကြောင့် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးလည်း ရင်သားမှာ ကင်ဆာရှိ၊ မရှိကို မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ လစဉ် ရာသီလာခါနီး ရက်တွေမှာ လက်ချောင်းတွေနဲ့ ကိုယ်တိုင် စမ်းသပ်မှုကိုတော့ လုပ်သင့်ပါတယ်။ ရင်သားမှာ မသင်္ကာစရာ စမ်းသပ် တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

ကိုယ်ဝန်ဆောင်မိခင် ကို ခင်ပွန်းများမပြောသင့်သောစကားများ


ဖခင်လောင်းတွေအတွက်ရော ၊ အနီးပတ်ဝန်းကျင်က လူတွေအတွက်ပါ လိုက်နာသင့်တယ်
ထင်လို့ ဒါလေးကို တင်ပေးလိုက်ပါတယ်နော်....
အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ဆောင်နေ ရချိန်မှာ သာမန် အချိန်မှာထက်
အများကြီး ပင်ပန်း နေတတ် ပါတယ်။ မွေးလာမယ့် ရင်သွေးလေး အတွက် ရင်ခုန်
စိတ်လှုပ်ရှား နေရပေမယ့် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ် မပါတာကြောင့်
စိတ်ဓာတ် ကျတာမျိုးလည်း ဖြစ်ရတတ် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်
မိခင်တစ်ဦး နဲ့ တွေ့ချိန်မှာ သူ့ စိတ်ကို ပိုမို မသက်မသာ ဖြစ်ရစေမယ့်
စကားမျိုး မပြောမိ စေဖို့ ရှောင်သင့်တဲ့ စကားတွေကို ရေးသား လိုက်ရပါတယ်။

(၁) နင့်ကို ကြည့်ရတာ ပေါက်ကွဲ တော့မယ့် အတိုင်းပဲ။
အဓိပ္ပာယ် - နင့် ပုံစံက ပင်လယ် ကမ်းခြေက ဝေလငါး နဲ့ တူလိုက်တာ။ ကိုယ်ဝန်
ဆောင်ချိန်မှာ ဟော်မုန်းတွေက မြင့်တက် လာတာကြောင့် ဗိုက်ဖုံး အင်္ကျီတွေနဲ့
မတော်တော့ တာမျိုး ဖြစ်နေတတ် ပါတယ်။ ဒါပေမဲ့ ဒီလို မပြောသင့် ပါဘူး။
ကိုယ်ဝန်ဆောင် မိခင် အနေ နဲ့ အဆမတန် ၀ဖြိုးနေတယ်
လို့ ထင်ပြီး စိတ်ညစ်
ရစေတဲ့ စကားပါ။

(၂) အမြွှာ မွေးမှာလား၊ နင်တော့ အလုပ်တွေ ရှုပ်ပြီး ဒုက္ခ များတော့ မှာပဲ။
အဓိပ္ပာယ် - နင့် ကလေးတွေက ငိုတော့မယ်၊ နို့ဆာလို့ ဂျီကျတော့မယ်၊ ဒီတော့
ကလေး နှစ်ယောက် နဲ့ နင် ခြေပစ်လက်ပစ် ပင်ပန်း တော့မယ်။ လူတွေက အမြွှာ
ကိုယ်ဝန်ဆောင် ရပြီ ဆိုရင် အဆိုး မြင်တဲ့ ရှုထောင့်ကပဲ ကြည့်ပြီး ပြောတတ်
ကြပါတယ်။ ပင်ပန်း တော့မှာ၊ အိပ်ပျက် တော့မှာ၊ လက်မလည်အောင် အလုပ်ရှုပ်
ရတော့မှာ စသဖြင့်ပေါ့။ တကယ်တော့ အမြွှာလေး မွေးလာရင် တစ်ကြိမ် နဲ့ ကလေး
နှစ်ယောက် ရလာလို့ အဖော်ရတာ၊ မွေးဖွားစရိတ် သက်သာတာ၊ အပြုံးနှစ်ခု
တစ်ပြိုင်တည်း ရတာ စတဲ့ ကောင်းကျိုး တွေကိုလည်း ရရှိ စေနိုင် ပါတယ်။

(၃) အခု အိပ်ရေး ၀၀ အိပ်ထားဦးပေါ့။
အဓိပ္ပာယ် - နောင်ဆိုရင် အိပ်ရဖို့ ကောင်းကောင်း လမ်းမမြင်ဘူး။ မိခင်
ဖြစ်တော့မယ့် သူတွေ အနေနဲ့ ကလေး မွေးပြီးတာ နဲ့ အိပ်ရေးပျက်မယ့် အရေး
တွေးပြီး လန့်စရာ စကားပါ။ ဒီလို စကားမျိုးက ကိုယ်ဝန်ဆောင် မိခင်တွေကို
စိတ် ပင်ပန်းစေမယ့် စကားဖြစ်လို့ ရှောင်သင့် ပါတယ်။

(၄) တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားထား။
အဓိပ္ပာယ် - ကလေး မွေးလာတာ နဲ့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကလေး
မွေးပြီး ပေမယ့် ရုပ်ရှင် သွားကြည့်နိုင်၊ အေးအေးလူလူ စာဖတ်နိုင်၊
စားသောက်ဆိုင်ကြီးတွေမှာ ညစာ ထွက်စားနိုင်တဲ့ မိဘတွေကို အများကြီး
တွေ့ဖူးပါတယ်။ အလုပ်မှာလည်း အောင်မြင်ပြီး ပျော်ရွှင် ကျန်းမာတဲ့
ကလေးငယ်တွေလည်း ရှိတဲ့ မိခင်တွေလည်း အများကြီး ပါပဲ။ ဒါကြောင့်
ကိုယ်ဝန်ဆောင် မိခင်ကို ဒီလို စကားမျိုး ပြောပြီး စိတ်ဓာတ် ကျအောင်
မလုပ်သင့်ပါဘူး။

(၅) နင့် ပုံစံနဲ့ မိခင်နို့ချို ကိုပဲ တိုက်ဦးမယ်ပေါ့ ဟုတ်လား။
အဓိပ္ပာယ် - နင်ရဲ့ အားအင် မရှိတဲ့ပုံ နဲ့ ကလေးကို မိခင်နို့ချိုပဲ
တိုက်ရင်တော့ ကလေးက အာဟာရ ကောင်းကောင်း ရမှာ မဟုတ်ဘူး။ ကလေးတွေကို
မွေးပြီး ခြောက်လ အထိ မိခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေးတာက
အကောင်းဆုံးလို့ ပညာရှင်တွေက ဆိုထား တာပါ။ မိခင်က ကိုယ်ခန္ဓာ အရွယ်အစား
ဘယ်လောက် သေးသေး၊ သူ့ရင်သွေးကို ပြည့်ဝတဲ့ အာဟာရ ရတဲ့ အထိ နို့ချို
တိုက်ကျွေး နိုင်ပါတယ်။ အစားအသောက် ကိုတော့ အစုံ စားပေး ပါ။

(၆) နင့် ကြည့်ရတာ စိတ် မသက်မသာ ဖြစ်စရာ ကောင်းလိုက်တာ။
အဓိပ္ပာယ် - ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခတွေလေ။ ဒါကြောင့် အလှပျက်ရပြီ။
ကိုယ်ဝန် ဆောင်ချိန်မှာ ခြေထောက်တွေ ရောင်တာ၊ မျက်နှာ နွမ်းနယ်တာ စတဲ့
ဝေဒနာတွေကို တစ်ခါတစ်ရံ ဖြစ်ပေါ်တတ် ပါတယ်။ အဲဒီ အချိန်မှာ သူရဲ့
ဝေဒနာတွေကို ထောက်ပြပြီး မပြောသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ထား ပေမယ့် လှနေဆဲ
ပါပဲ လို့ ပြောပေးသင့် ပါတယ်။

(၇) နင် ဗိုက်ဆာ ပြန်ပြီလား။
အဓိပ္ပာယ် - အခု လေးတင် နင် အများကြီး စားပြီပြီလေ။ ကိုယ်ဝန်ဆောင်
မိခင်တချို့က အမြဲလိုလို ဗိုက်ဆာ နေတတ်တယ် ဆိုတာကို စိတ်ထဲမှာ ထားပေးပါ။
ဒါကြောင့် သူတို့ ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ဆိုရင် ဘာမှ မပြောသင့်
ပါဘူး။
Related Posts Plugin for WordPress, Blogger...

Online Market လိုချင်တာအကုန်မှာလို့ရပါတယ်

ရင်ဖွင့်သွားလို့ရတယ်နော်

အကူအညီလိုအပ်ခဲ့လျှင် ဒီမှာမေးနိုင်ပါတယ်..